အကြ်ီးအကျယ် ရနေကြပါပြီ နောက်ဆို ရိုးရိုးပေါက်ကနေပဲ
#crd
သတင်း - စိန်သောင်း
Unicode
Exo အဖွဲ့သားများ မြန်မာပြည်မှ ပရိသတ်များအား
မီဒီယာမှတဆင့် ပြန်လည်တောင်းပန်
=============================
" ကျနော်တို့ တကယ်စိတ်မကောင်းပါဘူး ..တကယ် မရည်ရွယ်ပဲ
ဖြစ်သွားတာပါ .. ကျနော်တို့ လေဆိပ်ရောက်တော့
ည၁၁နာရီရှိပြီလေ .. အာ့ အိပ်ချင်မူးတူးနဲ့ ထ ကြည့်တော့
ရှင်လောင်းပွဲမဏ္ဍပ်ကို ရောက်နေတယ်ထင်နေတာပါ
လေဆိပ်နဲ့မှ မတူပဲကိုး .. အာ့နဲ့ ဗိုက်ကလည်းဆာနေတော့
တဖွဲ့လုံး ဖရီး ဝင်ကြိတ်မယ်ဆိုပြီး အလှူ့ဒါယကာကို ရှာကြတယ်
အလကားကြိတ်မှာဆိုတော့ ရှက်လို့မျက်နှာကို အုပ်ရသေးတယ်
ဒါမဲ့ ရှာမတွေ့ဘူးလေ .. ဘယ်တွေ့မလဲ လေဆိပ်ရောက်နေတာကိုး
အဲလို ဟိုရှာဒီရှာနဲ့ပဲ ရုတ်တရက် taxi သမားဦးလေးကြီးထင်ပါတယ်
ကျနော်တို့အဖွဲ့နားလာပြီး
ညီလေးတို့ ဘာရှာနေတာလဲ တဲ့ .. လိုချင်တာရှိတယ်နော် တဲ့
ဘယ်ပို့ပေးရမလဲဆိုပြီး အိတ်တွေကို သူ့ကားပေါ်ဆွဲတင်တော့တာပဲ
ကျနော်တို့ကလည်း လာကြိုတဲ့လူမှတ်တော့ ဘုမသိဘမသိနဲ့
ကားပေါ်တက်လိုက်လာတာ အခု မင်္ဂလာဈေးဆိုလားမသိပါဘူး
အဲဒီဘေးက မုန့်ဟင်းခါးဆိုင်ထဲ ရောက်နေကြပါတယ်
ကားခလည်း မပါလာကြဘူးလေ .. ကိုးရီးယားငွေလည်း
ဒီမှာ သုံးလို့မရဘူး .. အခု ဗိုက်လည်း အရမ်းဆာနေကြပါပြီ
အရေးထဲ taxi သမားကလည်း ကားခ မပေးရင် အုတ်နီခဲနဲ့
ထုမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ် ..
ကျေးဇူးပြုပြီး ကျနော်တို့ ကို လာကယ်ကြပါ.. နောင်တတွေလည်း
အြကီးအကျယ် ရနေကြပါပြီ နောက်ဆို ရိုးရိုးပေါက်ကနေပဲ
ထွက်ပါတော့မယ် " ဟု ချယ်နယ်စိန်သောင်း မီဒီယာကို
အခုလို ပြောကြားသွားခဲ့ပါတယ်
#crd
သတင်း - စိန်သောင်း
0 comments:
Post a Comment