မြန်မာအင်တာနက်စာကြည့်တိုက်
မြန်မာအင်တာနက်စာကြည့်တိုက်မှကြိုဆိုပါတယ်။ လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ကြေငြာထည့်သွင်းလိုသူများအားဖိတ်ခေါ်ပါတယ်။
မြန်မာအင်တာနက်စာကြည့်တိုက်အား နေ့စဉ်ဝင်ရောက်ကြည့်ရှုသူများစွာရှိပြီး ကျွန်ုပ်တို့ website တွင်ကြေငြာထည့်သွင်းခြင်းဖြင့် လူကြီးမင်းတို့ထုတ်ကုန်များအား လူသိများရောင်းအားကောင်းလာစေမှာဖြစ်ပါတယ်။
အကြ်ီးအကျယ် ရနေကြပါပြီ နောက်ဆို ရိုးရိုးပေါက်ကနေပဲ
#crd
သတင်း - စိန်သောင်း
အကြ်ီးအကျယ် ရနေကြပါပြီ နောက်ဆို ရိုးရိုးပေါက်ကနေပဲ
#crd
သတင်း - စိန်သောင်း
Unicode
Exo အဖွဲ့သားများ မြန်မာပြည်မှ ပရိသတ်များအား
မီဒီယာမှတဆင့် ပြန်လည်တောင်းပန်
=============================
" ကျနော်တို့ တကယ်စိတ်မကောင်းပါဘူး ..တကယ် မရည်ရွယ်ပဲ
ဖြစ်သွားတာပါ .. ကျနော်တို့ လေဆိပ်ရောက်တော့
ည၁၁နာရီရှိပြီလေ .. အာ့ အိပ်ချင်မူးတူးနဲ့ ထ ကြည့်တော့
ရှင်လောင်းပွဲမဏ္ဍပ်ကို ရောက်နေတယ်ထင်နေတာပါ
လေဆိပ်နဲ့မှ မတူပဲကိုး .. အာ့နဲ့ ဗိုက်ကလည်းဆာနေတော့
တဖွဲ့လုံး ဖရီး ဝင်ကြိတ်မယ်ဆိုပြီး အလှူ့ဒါယကာကို ရှာကြတယ်
အလကားကြိတ်မှာဆိုတော့ ရှက်လို့မျက်နှာကို အုပ်ရသေးတယ်
ဒါမဲ့ ရှာမတွေ့ဘူးလေ .. ဘယ်တွေ့မလဲ လေဆိပ်ရောက်နေတာကိုး
အဲလို ဟိုရှာဒီရှာနဲ့ပဲ ရုတ်တရက် taxi သမားဦးလေးကြီးထင်ပါတယ်
ကျနော်တို့အဖွဲ့နားလာပြီး
ညီလေးတို့ ဘာရှာနေတာလဲ တဲ့ .. လိုချင်တာရှိတယ်နော် တဲ့
ဘယ်ပို့ပေးရမလဲဆိုပြီး အိတ်တွေကို သူ့ကားပေါ်ဆွဲတင်တော့တာပဲ
ကျနော်တို့ကလည်း လာကြိုတဲ့လူမှတ်တော့ ဘုမသိဘမသိနဲ့
ကားပေါ်တက်လိုက်လာတာ အခု မင်္ဂလာဈေးဆိုလားမသိပါဘူး
အဲဒီဘေးက မုန့်ဟင်းခါးဆိုင်ထဲ ရောက်နေကြပါတယ်
ကားခလည်း မပါလာကြဘူးလေ .. ကိုးရီးယားငွေလည်း
ဒီမှာ သုံးလို့မရဘူး .. အခု ဗိုက်လည်း အရမ်းဆာနေကြပါပြီ
အရေးထဲ taxi သမားကလည်း ကားခ မပေးရင် အုတ်နီခဲနဲ့
ထုမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ် ..
ကျေးဇူးပြုပြီး ကျနော်တို့ ကို လာကယ်ကြပါ.. နောင်တတွေလည်း
အြကီးအကျယ် ရနေကြပါပြီ နောက်ဆို ရိုးရိုးပေါက်ကနေပဲ
ထွက်ပါတော့မယ် " ဟု ချယ်နယ်စိန်သောင်း မီဒီယာကို
အခုလို ပြောကြားသွားခဲ့ပါတယ်
#crd
သတင်း - စိန်သောင်း
လွအိုးကြဲ
ပြောရ ဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်းပေါ့၊ အတင်းပြော တာတော့ မဟုတ်ရ ပါဗျာ။ စပ်မိစပ်ရာ ပြောတဲ့ သဘောပါ။
အဲဒီ ကောင်မလေး နံမည် က လှအုန်းမယ် တဲ့ ကျွန်တော်တို့ရွာမှာ တော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ.. ကွမ်းတောင်ကိုင်လေး ဆိုပါတော့။ ရွာက ကာလသားတွေ များ သည်းသည်းကို လှုပ်လို့။ အဲဒီ ထဲမှာ ကျွန်တော်လည်း ပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ လှတပတ ကောင်မလေး ဘဲဗျာ မကြိုက်ဘဲ နေမလား ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း။
အဲဒီ လှအုန်းမယ်လေး က ဘယ်သူနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ရွာ က ဗွီဒီယိုရုံမှာ ခနခန ပြတတ် တဲ့ ဟို ဗီဒီယို သမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့။ လှအုန်းမယ် ရဲ့ ရုပ်ရည် က အဲဒီ ရုပ်ရှင် မင်းသမီးလေးနဲ့ တူသဗျ။
ကျွန်တော်တို့ရွာမှာတော့ အဲဒီ မင်းသမီး ကို ကြိုက်တဲ့သူ သိပ်များတာ။ နောက်ထပ် တူတာ တစ်ခုက အဲဒီ မင်းသမီးလေး က သိပ်လှချင်တာ။ ပြီးတော့လည်း အဲဒီ မင်းသမီးက သိပ်စွာတယ်။ ကက်ကက် လန်အောင် ပြန်ပြော တတ်တယ် လို့လည်း ကြားဖူးတယ်။
လှအုန်းမယ်ကလဲ အပြင်မှာ စွာကျယ်မ.. ဆတ်ဆတ်ကြဲ.. ရွာက ကာလသားတွေ သူ့ကို ကြိုက်ပေမဲ့ သူ့ပါးစပ်ကို လန့်တယ်။ ဘယ်သူက မှ အနား မကပ်ရဲဘူး.. လှအုန်းမယ် ကလည်း သူ့ကိုယ်သူ ဗီဒီယို မင်းသမီးနဲ့ တူတယ် ဆိုတာ သိတော့ ဘ၀င်က မြင့်တယ်။ သူနဲ့ တူတယ် တန်တယ် ဆိုတဲ့သူ ရွာမှာ မရှိတော့ဘူးမှတ်တာ။
ဒီလိုနဲ့ ရွာမှာ စုပေါင်းရှင်ပြုပွဲ ရှိတယ်ဆိုပါတော့ဗျာ။ စုပေါင်းရှင်ပြုပွဲ ဆိုတဲ့အတိုင်း ရွာနီးချုပ်စပ်က ရှင်လောင်းပေါင်း များစွာ စုပေါင်းပြီး ပြုကြမှာ ဆိုတော့ ခြိမ့်ခြိမ့်သည်းပေါ့.. ဇာတ်တောင် မှ နံမည်ကြီး ဖိုးချစ် ဇာတ်ကို ငှားတာ။
တစ်ရွာလုံး လဲ တက်တက်ကြွကြွ၊ ကာလသားတွေ ကလဲ ရှင်ပြု မဏ္ဍပ်တွေဆောက်၊ ရွာထဲက အလှူ့ရှင်တွေ နဲ့ လူကြီးတွေကလဲ အလှူ အတွက် လိုအပ်တာတွေ ဝယ်ကြဖို့ မြို့ကို တက်ကြ၊ အပျိုအုပ်စုကလဲ အလှူ မှာ ချက်ပြုတ် ကျွေးမွေးမဲ့ အသင်းတွေ ဖွဲ့ကြ၊ တာဝန်တွေ ခွဲကြနဲ့ တစ်ရွာလုံး ဘယ်သူမှ မအားရပါဘူး။
အလှူအတွက် ၀ိုင်းဝန်းနေ ကြတာ။ ကျွန်တော်တို့ ရွာမှာ ထုံးစံက အလှူလှည့်တဲ့နေ့မှာ အချောဆုံး အပျို ၂၄ယောက် ကို ပရိတ်အိုး ကိုင်ခိုင်း ရတယ်။ ပရိတ်အိုး တစ်လုံးစီမှာ ဟေတုပစ္စယော၊ အရမဏပစ္စယော စသဖြင့် ၂၄ ပစ္စည်း ကို ပရိတ်အိုး လုပ်တဲ့ မြေအိုး ခပ်ရွယ်ရွယ် မှာ တစ်အိုး မှာ ပစ္စယော တစ်လုံးစီ ရေးထားတယ်။ ၂၄ပစ္စည်း ဆိုတော့ အိုး၂၄လုံးပေါ။
အိုးထဲမှာ ချည်လုံး တစ်လုံးရယ် သပြေခက်၊ အုန်းရွက်၊ ဒန်းရွက် စတာတွေ ပါတယ်.. အဲလို အလှူလှည့်တဲ့နေ့မှာ ပရိတ်အိုး ကိုင် ရှေ့ဆုံးကောင်မလေး က လှအုန်းမယ် ပေါ့ဗျာ။ သူက အချောဆုံး ဆိုတော့ ရှေ့ဆုံးက ကိုင်ရ တာပေါ့လေ။
လှအုန်းမယ်က လှပြီးသား ပေမဲ့ သူများနဲ့ မတူအောင် လှချင် သူဖြစ်လေတော့ ဒီတစ်ခေါက် အလှူမှာ ထူးထူး ခြားခြား ဒေါက်မြှင့်ဖိနပ်လေးနဲ့ဗျ။ သိပ်မကြာခင် က ဗွီဒီယို တစ်ကားမှာ အဲဒီ မင်းသမီး စီးသွားတဲ့ ဖိနပ်ဆိုလား။ အလှူ အတွက် မြို့တက်ပြီး ဈေးသွားဝယ်တဲ့အဖွဲ့ကို လှအုန်းမယ်က မှာလိုက်တာလို့ ကြားမိတယ်။
ဒေါက်ဖိနပ်နဲ့ဆိုတော့ ကြည့်ရတာ ပိုတောင် လှနေတယ်လို့ ထင်မိသေး။ ဒါပေမဲ့ ခက်တာက ဒေါက်ဖိနပ်ကို သူက စီးကျင့်မရှိဘူး။ ပြီးတော့ ကျွန်တော်တို့ရွာက လမ်းတွေ ကလဲ မြို့မှာလို ကတ္တရာလို့ခေါ်တဲ့ မဲမဲကြီးတွေ ခင်းထားတဲ့လမ်းတွေ မဟုတ်ဘူးဗျာ။
မြေလမ်း ကြမ်းကြမ်းပေါ်မှာ ကျောက်ခဲ နဲ့ ချိုင့်တွေ နဲ့။ စီးကျင့်မရှိတဲ့ ဒေါက်ဖိနပ်နဲ့ ကျောက်ခဲတွေ ရှိနေ တဲ့ ချိုင့်တွေ အပြည်နဲ့ လမ်းဆိုတော့ သူလမ်းလျှောက်တာ က ဟိုဘက်ယိုင် လိုက် ဒီဘက်ယိုင်လိုက်နဲ့.. ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူးဗျာ။
အလှူလှည့်တာကို ဝိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေကလည်း လှအုန်းမယ် အဖြစ်ကို ကြည့်ပြီး ပြုံးစိစိ နဲ့ပေါ့။ ဒါပေမဲ့ ဘယ်သူက မှတော့ အသံထွက်အောင် မရယ် ရဲဘူး.. သူ့ပါးစပ်ကို ကြောက်ကြတယ်လေ..
ဒီလို နဲ့ ရွာလည်ပိုင်း လူစည် ကားတဲ့နေရာရောက် လာလေ လှအုန်းမယ် ရဲ့ဒေါက်ဖိနပ် က အခြေအနေ ဆိုးလေ။ ကြည့်ရတာ တစ်ခါ မှ မစီးဖူးလို့ ခြေချော်နေပုံ ရတဲ့အပြင်၊ လမ်းကဆိုး၊ ဖိနပ်ပေါက်တဲ့ ဒဏ်ပါ ခံရပြီ ထင်ပါရဲ့။ ယိုင်နဲ့နဲ့ လမ်းလျှောက်နေရပါတယ် ဆို လူတွေကလဲ သူ့ကိုကြည့်ပြီး ပြုံးစိစိဆိုတော့ လှအုန်းမယ် လည်း ရှက်ကိုး ရှက်ကန်းပေါ့..
ဒီအချိန်မှာဘဲ လမ်းပေါ် မှာ ပြန့်ကြဲနေတဲ့ ကျောက်စရစ်ခဲလေး တစ်တုံး ကို လှအုန်းမယ်ရဲ့ ခြေထောက်က တက်နင်း မိပြီးသကာလ ခေါက်ခနဲဖြစ်ပြီး လဲကျ သွားပါရောဗျာ။ ချော်လဲကျသွားတော့ လှအုန်းမယ် လက်နဲ့ပိုက်ထားတဲ့ ပရိတ်အိုး ကလည်း မြေပြင်ပေါ်လွှတ်ကျပြီး ခွမ်း ခနဲဆို နှစ်ခြမ်း ကွဲပါလေရော။
နဂိုက သူလှမ်းလျှောက်ပုံ ကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ ရွာက လူတွေနဲ့ အလှူလှည့်ရာမှာ ပါဝင်ကြ တဲ့သူ အားလုံး ဟာ ဘယ်လိုမှ အိနြေ္ဒမ ဆည်နိုင်တော့ဘဲ မပြုံးဘဲ ၀ါးလုံးကွဲ ၀ိုင်းရယ်ကြ ပါတော့တယ်။ လှအုန်းမယ်လေး ချော်လဲတော့ သူ့ကို ကြိုက်နေတဲ့ ရွာက ကာလသား ကိုလူအေး က မျက်နှာလိုအားရ အပြေးသွားပြီး သွားဆွဲ ထူရာမှာ ရှက်လဲရှက်၊ ဒေါသတွေ လည်း ထွက်နေတဲ့ လှအုန်းမယ်က ရှက်ရှက်နဲ့ လုပ်မိ လုပ်ရာ လုပ်လိုက်တာက လာဆွဲထူတဲ့ ကိုလူအေးကို သူ့ရှေ့က အိုးခြမ်းကွဲ နဲ့ ကောက်ထုလိုက် တာမှာ ကိုလူအေး ခေါင်းကွဲ ပါလေရော။
လှအုန်းမယ်ရဲ့ ဒေါသကို ထည့်မတွက်မိဘဲ စေတနာ ပိုမိတဲ့ ကိုလူအေးရဲ့အဖြစ်က ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါတယ်။
အဖြစ်ကတော့ အဲဒီလိုပါဘဲဗျာ.. ကျွန်တော်တို့ ရွာအလှူ အကြောင်းပြောတိုင်း လှအုန်းမယ်နဲ့ ကိုလူအေး ရဲ့ အကြောင်းက မပါ မပြီးပေါ့.. စေတနာကောင်း လို့ ခေါင်းကွဲသွားတဲ့ ကိုလူအေးကို အကြောင်းပြုပြီး တစ်ယောက်ယောက်ကို စေတနာပိုနေရင် “သတိထား ကိုလူအေး လို ဖြစ်မယ်နော် ” လို့ ရွာမှာ ပြော စမှတ် ပြုကြသလို အလှူမှာ လှချင် လွန်းအားကြီးလွန်းလို့ ရွာရဲ့ လမ်းနဲ့ သင့်မသင့် ထည့်မတွက်မိဘဲ ဒေါက်ဖိနပ်စီးမိတာကြောင့် ချော်လဲပြီး ပရိတ်အိုး ကျကွဲတဲ့ လှအုန်းမယ် ကို အဲဒီနေ့ကစလို့ တစ်ရွာလုံးက လှအိုးကွဲ ရယ်လို့ နံမည်ပေးလိုက်ကြတယ်ဗျာ။
လှတ ပတ ချောချော မောမော ရွာရဲ့ကွမ်းတောင်ကိုင် ကလေးဟာ အလှမက်ပြီး ဒေါက်မြှင့်ဖိနပ်ကို အကျင့်မရှိဘဲ စီးမိတဲ့ အတွက် လူပုံလယ်မှာ အရှက်ကွဲရ သလို၊ နံမည်ရင်း ပျောက်ပြီး လှအိုးကွဲ လို့ အမည်တွင်သွား ရတာသာ ကြည့်တော့ဗျာ။
လှချင်တာ တစ်ခုတည်း ကြည့်လို့မဖြစ်ဘဲ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တန်မတန်၊ သင့်မသင့်လဲ ကြည့်ဖို့လိုသေးတာကိုးဗျ။ သိပ်လှချင် တဲ့ မိန်းခလေးတွေ ကို တွေ့ရင် ပြောလိုက်ပါဗျာ.. ကိုယ်နဲ့ လိုက်မလိုက်၊ ကိုယ်နေရာ ဒေသနဲ့ ကိုက်ညီ မကိုက်ညီ အရင်ကြည့်ပါဦးလို့။ တော်ကြာမှ ကျွန်တော်တို့ရွာ က လှအုန်းမယ် လိုတော့ လှအိုးကွဲလို့ နာမည်တွင်သွား ပါဦးမယ်။
အတင်းပြောတာ မဟုတ်ပါဘူး.. စပ်မိစပ်ရာ ပြောတဲ့ သဘောပါဗျာ :P :P
အရှက်ကြီးတတ်ပုံက
ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောကျာ်းကို ပြောပြသည်။
‘ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမဲ့ ဒီပျော်ရွှင်မှုတွေတာရှည်မခံလိုက်ဘူး’
‘ဘာတွေဖြစ်သေးလို့ လဲ မိန်းမ’
“ကျွန်မ ရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအဝတ် ကျွတ်သွားတယ်’
‘ဘုရားရေ ဒါဖြင့် မင်းဘယ်လို ဖြေရှင်းလိုက်လဲ’
‘ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့’
Credit - ရဲစတိုင်း